![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၁၅၈.jpg?itok=1VabiYBe)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ဧက (၂၂၆၄၉၆) ဧက စိုက်ပျိုးပြီး ၃၈၇၁၆ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။ မိုးစပါးအထွက်နှုန်းအနေဖြင့် (၈၀.၇၃) တင်းထွက်ရှိပြီး အထွက်တင်းမှာ ၃၁၂၅၆၃၅ တင်းထွက်ရှိပြီးဖြစ်ပါသည်။ ပြည်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၇၄၆၄၂ ဧကတွင် ၄၇၀၅ ဧက ရိတ်သိမ်းပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ၈၃ တင်းကျော်ထွက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်တွင် ၄၆၇၅၇ ဧက စိုက်ပျိုးထားရှိပြီး ယခုအချိန်အထိ ၂၄၁၄ ဧက ရိတ်သိမ်း၍ တစ်ဧကအထွက်နှုန်းအနေဖြင့် ၈၂ တင်းကျော်ထွက်ရှိပါသည်။ ရွှေတောင်မြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၈၁၆၃ ဧကတွင် ၂၁၄၁၇ ဧက ရိတ်သိမ်းပြီး၍ တစ်ဧကလျှင် တင်း ၈၀ ခန့်ထွက်ရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် ၄၆၉၃၄ ဧက စိုက်ပျိုး၍ ၁၀၁၈၀ ဧက ရိတ်သိမ်းပြီး တစ်ဧကအထွက်နှုန်းမှာ တင်း ၈၀ ကျော်ထွက်ရှိကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၂.၁၁.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် မိုးစပါးရိတ်သိမ်းနေသော နေရာသို့သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ရာ ပန်းတောင်းမြို့နယ်၊ ဝန်လိုရပ်ကွက်၊ စည်သာကွင်းတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းသူ ဦးတင့်လွင်မှ မိုးစပါးစိုက်ဧက ၁၂ ဧကရှိပြီး ယခုအချိန်တွင်ရိတ်သိမ်းပြီးဖြစ်ပါသည်။ စိုက်ပျိုးသောစပါးမျိုးများမှာ မှော်ဘီစပါးမျိုးဖြစ်ပြီး တစ်ဧကလျှင် တင်း (၆၀) ခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။ တစ်ဧကရိတ်သိမ်းခြွေလှေ့ခအနေဖြင့် (၈) သောင်းကျပ် ပေးချေရသည်ဟု သိရှိရပါသည်။ မိုးစပါးတစ်ဧကလျှင် စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၂၈၀၀၀၀၀ ကျပ်ကျော်ကုန်ကျ၍ စပါးတင်း (၁၀၀) လျှင် ယခုပေါက်ဈေးမှာ ၁၂၅၀၀၀၀ ကျပ်ရရှိသည်ဟု သိရှိရပါသည်။ ထို့ကြောင့် တစ်ဧကဝင်ငွေမှာ ၇၅၀၀၀၀ ကျပ်ရရှိ၍ တစ်ဧကအကျိုးအမြတ်အနေဖြင့် ၄၇၀၀၀၀ ကျပ်ခန့်ရရှိသည်ဟု သိရှိရပါသည်။
မိုးစပါးစိုက်ပျိုးသူတောင်သူများအနေဖြင့် စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများ ဈေးမြင့်လာသော်လည်း စပါးဈေးများမြင့်တက်လာသဖြင့် တောင်သူများအဖို့ အကျိုးအမြတ်ရရှိသော်လည်း မိုးစပါးမှာ နွေစပါးလောက် အထွက်နှုန်းမများသဖြင့် အကျိုးအမြတ် ရသင့်သလောက် မရသော်ငြားလည်း တောင်သူများအတွက် တွက်ခြေကိုက်သည်ဟု သိရှိရပါသည်။
DOCA(ပဲခူး)