စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ဆီများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

                            စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၏ကြီးကြပ်မှုဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ မြန်မာ့စီးပွာရေးဘဏ်၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃)ဦးတို့ ပူးပေါင်း၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် (၂၁.၁.၂၀၂၆)ရက်နေ့ နံနက် (၀၇:၀၀) အချိန်မှစ၍ စစ်ကိုင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် စစ်ကိုင်းခရိုင်အတွင်းရှိ အငြိမ်းစားဝန်ထမ်း ပင်စင်စားများအား စားအုန်းဆီများ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း  သိရှိရပါသည်။

                                      ထိုသို့ရောင်းချခဲ့ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် ဆီ(၅၀)ကျပ်သား (၁)ဗူးလျှင် (ဘူးခွံအပါ) ၃၈၀၀/- ကျပ်ဖြင့် ဗူး ၄၀၀၊ ရောင်းချခဲ့ပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး နှင့်ဝန်ထမ်းများသည် ပင်စင်လစာလာထုတ်သည့် အငြိမ်းစားပင်စင်စားများအား ဆန်ပြုတ်အဟာရများကုသိုလ်ပြုလုပ်ခဲ့ပြီးသက်ဆိုင်ရာဌာနများမှပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကာပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများကကျန်းမာရေး စောင့်ရှောက်မှုများလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)