
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းမင်းစိုး (ဦးစီးအရာရှိ) သည် ၂၂ . ၁ . ၂၀၂၆ ရက်နေ့တွင် ဓနုဖြူမြို့၊ ၁၃ရပ်ကွက်အတွင်းရှိ လက်လီကုန်မျိုးစုံနှင့် ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချသော နို့ဆီ၊ နိုမုန့်၊ နို့ထွက်ပစ္စည်း အဟာရဖြည့်ကုန်စည်များတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိ သော ကုန်စည်များ ဈေးကွက် အတွင်းမှပပျောက်စေရေးနှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါ သည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ နို့ဆီနှင့် နို့ထွက်ကုန်စည်အမျိုးမျိုး အဟာရဖြည့် MILO, Ovaltine, PEP, One Tea, မြဘုရင် နို့ထွက်ပစ္စည်း အမျိုးမျိုးကို သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်အတွင်း ဖြန့်ချီရောင်းချမှု ရှိမရှိကို စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ၎င်း ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး သက်ဆိုင်ရာခွင့်ပြုချက်၊ ထောက်ခံချက်အမှတ်များပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။ ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ FDA, မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)
