ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှုအားကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သည် ဆန်/စပါး ကို အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ(၂၁) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ တင်ပို့မည့် ဆန်တင်ရေယာဉ်အားကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ခြင်းကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ မှ ဦးဆောင်၍ ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လ.ဝ.က ဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန၊ ဆန်စက်ပိုင်ရှင်အသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် MV-အောင်တက်တိုး ရေယာဉ်နှင့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း၊ဧည့်မထ ဆန်အိတ်များ တင်ဆောင်ထားရှိမှု အခြေအနေ၊ သယ်ဆောင်ရာတွင် ဥပဒေနှင့် မလွတ်ကင်းသည့် ကုန်ပစ္စည်းများ တင်ဆောင်မှုမရှိစေရေး၊တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေးတို့ကို ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)