
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးလက်အောက်ရှိ ခရိုင်ဦးစီးမှူးရုံးများမှ စစ်ဆေးရေးအရာရှိများနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး၊ ဈေးတာဝန်ခံများဖြင့် ပူးပေါင်းဆောင်ရွက်၍ (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်၊ ဇန်နဝါရီလအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဦးစားပေးကုန်စည်ဖြစ်သော ဆပ်ပြာခဲအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိတို့အား ဈေးများ၊ ရပ်ကွက်ကုန်စုံဆိုင်များ၊ ကုန်တိုက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိပြီး ပြည့်စုံစွာဖော်ပြထားကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
