![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/28.6.jpg?itok=6lu58cxt)
ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုပုံမှန်လည်ပတ်အသက်ဝင်လာရာတွင် ဘိလပ်မြေများ၊ လယ်ယာသီးနှံစိုက်ပျိုးရေးအသုံးပြု ဓာတ်မြေဩဇာများ ပြည်နယ်အတွင်းသို့ တင်သွင်းလျှက်ရှိကြောင်း၊ အခြားစားသောက်ကုန်များ၊ လူသုံးကုန်များအနေဖြင့် နိုဝင်ဘာလဒုတိယပတ်ကုန်စည်စီးဝင်မှုမှာ ကုန်စုံ ကား(၂၃)စီး၊ဘိလပ်မြေ(၇၉၅၀)အိတ်၊ ကြက်ဥ (၇၇၉၅)ကဒ်၊ အချိုရည်(၈)စီးတို့ဝင်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ တတိယပတ် ကုန်ပစ္စည်းအဝင်ကားများ အနေဖြင့် ကုန်စုံကား (၃၁) စီး၊ ကြက်ဥ (၁၈၂၆၀) ကဒ်၊ အချိုရည်ကား(၈)စီး၊ ဘိလပ်မြေ (၁၃၂၀) အိတ်၊ မြေဩဇာ(၁၉၀)အိတ်တို့ဖြင့် စီးဝင်လျက်ရှိရာ ယခင်ပတ်နှင့် ယခုပတ်နှိုင်းယှဉ်မည်ဆိုလျှင် ယခင် ထက်ဘိလပ်မြေဝင်ရောက်မှုမှာ (၆၆၃၀) အိတ်ခန့် လျော့နည်းသွားကြောင်း၊ ကြက်ဥဝင်ရောက်မှုမှာ ယခင်အပတ်ထက် ပိုမိုတင်သွင်းလျက်ရှိပါကြောင်း၊ ကုန်စုံကားများ အချိုရည်တို့သည် အနည်းငယ်မျှလျော့နည်း စီးဝင်လာကြောင်း သိရှိရပါတယ်။
DOCA(ကယား)