
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စားသုံးကာကွယ်ရေးအသိပညာပေးလုပ်ငန်း Talk Show ကို ၂၃.၁.၂၀၂၅၆နေ့ မွန်းလွဲ ၂နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိလုပ်ဆောင်နေသော လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကို မေးမြန်းဆွေးနွေးသဖြင့် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ ဦးအောင်ကျော်သက်က ပြောကြားရာ စားသုံးသူရေးရာဦးစီးဌာနသည် လက်ရှိ ဥပဒေနှင့် အမိန့် ညွှန်ကြားချက်များကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပြီး အသိပညာပေးလုပ်ငန်များကို ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ကျေးရွာ၊ ပြည်သူများ ကို အသိပညာပေးဟောပြော ဆွေးနွေးခြင်းလုပ်ဆောင်နေပြီး၊ ဈေးကွက်ရောက်ကုန်စည်များ၊ ဈေးကွက်မရောက်မှီကုန်စည်များ စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင် ရွက်လျှက်ရှိကြောင်း၊ လက်ရှိတွင် ကုန်စည်ဝန်ဆောင်မှုများကို အွန်လိုင်မှု တဆင့် ရောင်းချသူ လုပ်ငန်းရှင်များ မှတ်ပုံတင်ဆောင်ရွက်ပြီးမှ ရောင်းချနိုင်ရန်အတွက် မှတ်ပုံတင်ပြီး လုပ်ငန်းများကို မြေပြင်စစ်ဆေးခြင်းဆိုင်ရာ စစ်ဆေးရေးအရာရှိများက လုပ်ဆောင်ပြီး ဦးစီးဌာနသို့ တင်ပြခြင်း လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူဖြစ်ဖြစ်၊ မည်သည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်ဖြစ် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ သိရှိလိုပါက Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်းလည်းကောင်းဆက်သွယ်မေးမြန်းနိုင်ကြောင်းနှင့် စားသုံးအခွင့် အရေး နစ်နာဆုံးရှုံး မှု ရှိလာပါက တိုင်ကြားနိုင်ကြောင်းကိုလည်း ပြည်သူများသိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
