စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့်ဈေးကြီး အနီးပတ်ဝန်းကျင်တွင် ရာသီအလိုက် သစ်သီးမျိုးစုံကို ပုံမှန်ရောင်းချသည့်ဆိုင်ပေါင်း (၂၅) ဆိုင်ခန့်ရှိသည့်အပြင် ယခုအချိန်တွင် ဆောင်းရာသီကာလဖြစ်၍ ရာသီပေါ်သစ်သီးရောင်းချသည့်ဆိုင်များ တိုးလာသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့ရှိ သစ်သီးရောင်းချသူများအနေဖြင့် ယခုအချိန်တွင် ဆောင်းတွင်းကာလဖြစ်၍ သစ်သီးများ စုံလင်စွာရောင်းချလျက်ရှိသည့်အပြင် လိမ္မော်သီးများကို နေရာအနှံ့ရောင်းချကြကြောင်း၊ ရွှေဘိုမြို့တွင် ရောင်းချလျက်ရှိသည့်လိမ္မော်သီးများသည် တောင်ကြီးဒေသထွက်များဖြစ်ပြီး မန္တလေးမြို့မှ တစ်ဆင့်မှာယူရောင်းချကြောင်း၊ လိမ္မော်သီးတစ်ခြင်းလျှင် (၂၄၀၀ဝိ/-)၊ (၂၅၀၀ဝိ/-) ကျပ်ပေးရပြီး အလုံး အကြီး၊ အလတ်၊ အသေးများရွေးချယ်၍ တစ်လုံးလျှင် (၂၅ဝိ/-)၊ (၂၀ဝိ/-) နှင့် တစ်ထောင်ဖိုး (၆) လုံး၊ အလုံးသေးများကို တစ်ထောင်ဖိုး (၁၅) လုံးစသည့်ဖြင့် အလုံးအကြီး၊ အသေးအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချလျက်ရှိပြီး ဈေးသည်တစ်ဦးလျှင် တစ်ရက် (၂) ခြင်း၊ (၃) ခြင်းရောင်းချရကြောင်း လိမ္မော်သီးရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)