
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ကျီးနှစ်ပင်”ကျေးရွာအုပ်စုရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် “ကျီးနှစ်ပင်” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေး အတွက် ကျေးရွာ အတွင်းရှိ အိမ်ထောင်စုဝင် အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသောဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချနေမှုတို့အား ဓာတ်ပုံ မှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး “ကျီးနှစ်ပင်*”ကျေးရွာအုပ်စုရှိကျေးရွာရှိ စားသုံးဆီကော်မတီအဖွဲ့ဝင် များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)
