
အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့်များကို ကျောင်းသား လူငယ်များ ကျောင်းဖွင့်ရာသီတွင် ဝယ်ယူစားသုံးကြသဖြင့် ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန်အတွက် အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့် များကို စစ်ဆေးဆောင်ရွက်ရန်လိုအပ်သဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအသိပညာပေးခြင်း၊ မုန့်ဈေးတန်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မအူပင်မြို့နယ် အမှတ်၁ ရပ်ကွက် စာရေးကုန်း စည်ပင်လမ်း အ-မ-က ကျောင်းတွင် နံနက်(၀၈၁၅)နာရီအချိန်တွင် စစ်ဆေးခဲကြရာ မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်း အမှတ်အသားများပြည့်စုံ မှန်ကန်စွာဖော်ပြပါရှိမှုရှိ၊ မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုရှိ၊မရှိ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန် ပစ္စည်းများဖြစ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူတွေအနေနဲ့ အစားအသောက်မှာ သုံးစွဲရန်ခွင့်မပြုတဲ့ ဆိုးဆေးတွေကို လုံးဝ အသုံးမပြုရန်နဲ့ မုန့်ဈေးတန်း ဆိုင်ရှင်များကို အသိပေးပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန် တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။
DOCA(ဧရာဝတီ)
