
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ဆန်စက်နှင့် သိုလှောင်ရုံများ ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီး မြို့နယ်တွင်း ဆန်စက်နှင့် သိုလှောင်ရုံများတွင် စပါးသိုလှောင်ထားရှိမှုမြေပြင်အမှန်တကယ်အခြေ အနေများ၊ စပါးဆန်ကြိတ်ခွဲမှု အခြေအနေများ၊ ဆန်စက် ကြီး၊ လတ်၊ ငယ်စာရင်း ကို တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် (၂၈.၁.၂၀၂၆) ရက်နေ့က ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကွင်းဆင်းစစ်ဆေးကြည်ရှုခဲ့ကြသည်။
ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြုမြို့နယ် ဆန်စက်နှင့် စပါးသိုလှောင်ရုံ (၉၃)လုံး သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးဖြစ်ပြီး မြို့နယ်တွင် မှတ်ပုံတင်ပြီးဆန်စက်နှင့် စပါးသိုလှောင်ရုံများ မြေပြင်အမှန်တကယ် သိုလှောင်ထားရှိမှု အခြေအနေများကို စစ်ဆေးကြည့်ရှုရာ မြေပြင်တွင် အမှတ်အကယ် သိုလှောင်ထားရှိမှုနှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး၊ ဆန်စက်၊ ကြီး၊ လတ်၊ ငယ် စာရင်း များကို တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရန် ကွင်းဆင်းပြီး ဆန်/စပါး သိုလှောင်ရုံဆန်စက် ဇန်နဝါရီလ ရ၊ ထုတ်ကျန် မြေပြင် လက်ကျန်အခြေအနေများကို စာရင်းကောက်ယူခဲ့ကြပြီး ဆန်စပါး ၊ သိုလှောင်ရုံ များမှ သတ်မှတ်ချက်များနှင့်အညီ လုပ် ဆောင်ထားရှိကြောင်း၊ လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ်ချက်များကို လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပြီး ယခုကဲ့သို့ ကြပ်မတ်စစ်ဆေးဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။
DOCA(ဧရာဝတီ)
