
စစ်ကိုင်တိုင်းဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်ပေးနိုင်ရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူကာကွယ်ရေးဉပဒေ၊ စားသုံးသူကာကွယ်ရေးနည်းဉပဒေများ၊ ထုတ်ပြန်ထားသော အမိန့် ကြော်ငြာစာများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသကဲ့သို့ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စားသုံးသူ ပြည်သူများ ပွင့်လင်း မြင်သာမှုရှိစေရန်စားသုံးသူများရသင့်ရထိုက်သည့်အခွင့်အရေးများ၊စားသုံးသူအကျိုးစီးပွားနစ်နာဆုံးရှုံးများတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား အလေးထားဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီးဉီးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်ခြင်း၊ တိုင်းဒေသကြီးဉီးစီးမှူးရုံးတွင် အွန်လိုင်းစနစ်ဖြင့် စားသုံးသူရေးရာသင်တန်းသင်တန်းဖွင့်လှစ်ခြင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးမြို့၊ ဆည်တော်ဉီကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောခြင်း၊ ကလေးဝမြို့၊အမှတ်(၃)လွန်ကျောင်းတွင်လည်းကောင်း၊ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးအနေဖြင့်ကန့်ဘလူမြို့၊ဆိတ်ဖူးမြောင်ကျေးရွာရှိ အ.လ.က (ခွဲ) ကျောင်းတွင်လည်းကောင်း၊ ကျွန်းလှမြို့၊ သံပိုကျေးရွာရှိ အလကကျောင်းတွင်လည်းကောင်း၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ ရွာတောင်ရပ်ကွက်ရှိ အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများအားလည်းကောင်း၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အလက(ခွဲ)ကျောင်းတွင် အသိပညာပေးဟောပြော ခြင်း၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ စက်မှုဇုန်ရှိ ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခြင်း စုစုပေါင်း (၇)ကြိမ်နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ရာ ဌာန၏မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှု ဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရေး၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လုပ်ငန်းရှင်များဖြစ်လာစေရေးတို့ကိုရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီး ဦးစီးမှူးရုံးအနေဖြင့်(၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးအနေဖြင့်(၄)ကြိမ်၊ ကန့်ဘလူခရိုင်ဉီးစီးမှူးရုံးမှ(၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဉီးစီးမှူးရုံးအနေဖြင့်(၅)ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ(၃)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး အနေဖြင့်(၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း(၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါ သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံများ၊ ရိုးရှင်း မှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
