သီတင်းကျွတ်အရောင်း မြှင့်တင်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းထားရှိမှုအခြေအနေ

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် Online မှ ရောင်းချသည့် ဆံပင်ထိန်းသိမ်းခြင်းဆိုင်ရာ ပစ္စည်းအရောင်းဆိုင်မှ  သီတင်းကျွတ် အရောင်းမြှင့်တင်ခြင်း အစီအစဉ်အဖြစ်တန်ဘိုး (၁၆) သိန်းကျော်တန်သည့် ဆံပင်ထိန်းသိမ်းခြင်းဆိုင်ရာ ပစ္စည်းများကို တန်ဘိုး (၇) သိန်းကျော်ဖြင့် ရောင်းချခဲ့သည့်အတွက် ဝယ်ယူခဲ့ပါ သည်။ ဝယ်ယူပြီး တစ်ပတ်အကြာထပ်မံ၍ သီတင်းကျွတ်အရောင်းမြှင့်တင်ခြင်း အစီအစဉ်အဖြစ် တန်ဘိုး(၆)သိန်းကျော်ဖြင့် ထပ်မံရောင်းချသည့် အတွက် ပိုငွေပြန်အမ်းပေးနိုင်ပါရန် ပြောကြားခဲ့ရာ ဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် တိုင်ကြားလာခြင်းဖြစ်ပါသည်။ တိုင်ကြားလာမှုအပေါ် ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက တိုင်ကြားမှုအား စိစစ်ရာတွင် တိုင်ကြားသူအနေဖြင့် အဆိုပါ အချိန်ကာလအတွင်း ဈေးနှုန်းလျော့ချ ထားသည့်နှုန်းထားကို ကြိုက်နှစ်သက်သည့်အတွက် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူထားခြင်းဖြစ် ကြောင်းနှင့် ဝယ်ယူခဲ့သည့် ပြေစာအထောက်အထားများအရ နှစ်ဦးသဘောတူအရောင်းအဝယ် ပြုလုပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရသောကြောင့် စားသုံးသူ ကာကွယ်ရေးဥပဒေအရ ဖြေရှင်းဆောင်ရွက်ပေး၍ မရပါကြောင်း တိုင်ကြားသူထံ အကြောင်းပြန်ကြားခဲ့ပြီး တိုင်ကြားမှုကို ၂၀-၁၀-၂၀၂၂ ရက်နေ့ တွင် ပိတ်သိမ်းခဲ့ပါသည်။

DOCA(Consumer)