အမှုန့်ကြိတ် စက်လုပ်ငန်းမှ ညှော်နံ့နံခြင်းနှင့် အမှုန့်များလွင့်ခြင်းတို့ကြောင့် ကျန်းမာရေး ထိခိုက်ခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှုအပေါ် ဖြေရှင်းထားရှိမှုအခြေအနေ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်နေ တိုင်ကြားသူတစ်ဦးက အမှုန့်ကြိတ်စက်လုပ်ငန်းတစ်ခုမှ ညှော်နံ့နံခြင်းနှင့်အမှုန့်များလွင့်ခြင်းတို့ကြောင့် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပေါ်သဖြင့် ဖြေရှင်း ဆောင်ရွက်ပေးပါရန် တိုင်ကြားလာခြင်း ဖြစ်ပါသည်။ တိုင်ကြားမှု အပေါ် တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၃.၁၀.၂၀၂၂ ရက်နေ့တွင် တိုင်ကြားသူနှင့် တိုင်ကြားခံ ရသူတို့ကို ခေါ်ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ အမှုန့်ကြိတ်စက်လုပ်ငန်းပိုင်ရှင်မှ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးဂရုပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဦးသဘောတူ ကျေနပ်မှုရရှိခဲ့ပါသဖြင့် တိုင်ကြားမှုကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

DOCA(Consumer)