ကုန်အညွှန်းအမှတ်အသားဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အသိပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ လ ၃ ရက်နေ့  နံနက်(၁၁:၀၀)နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာ မြို့နယ်တာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များ၊ ကုန်စို/ကုန်ခြောက်ရောင်းချသူလုပ်ငန်းရှင်များနှင့် ဆီလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ အကြောင်း အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက  ၂၀၁၅ခု နှစ် စားသုံးသူကာကွယ်ရေး ဥပ‌ဒေပါ အခန်း ၁၀ ပုဒ်မ ၂၁။တွင် ဖော်ပြထားသော စီးပွားရေးလုပ်ငန်းရှင်များ တာဝန်ယူ ဆောင်ရွက်ရမည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန် ကန်စွာ ဆောင်ရွက်ခြင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ သတ်မျတ်ထားသည့်အရည်အသွေး စံသတ်မှတ်ချက် များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း၊ အာမခံကာလအတွင်း ပျက်စီးဆုံးရှုံးမှုအတွက် တာဝန်ယူ ဆောင်ရွက်ပေးခြင်း၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်းကို လိုက်နာဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ကြော်ငြာထားသော  ညွှန် ကြားချက်အမှတ်(၁/၂၀၁၉)နှင့်အညီ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာ သာ တွဲလျက်ဖြစ်စေ ဖော်ပြရမည့် သုံးစွဲပုံအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိ ပေးချက်များ၊ ဘေးထွက်ဆိုးကျိုး ဖော်ပြချက်များကို သိသာထင်ရှားစွာ ဖော်ပြရမည်ဖြစ်ပြီး လိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်ရရှိပြီးသော ကုန်စည်များကိုသာဈေးကွက်အတွင်းထုတ်လုပ်ရောင်းချရန်နှင့်စားအုန်းဆီများသိုလှောင်ဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍လည်း ဒေသအရောက်ဈေးနှုန်းများအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင် ခ စရိတ်အပြင် ၂% အမြတ်ဖြင့်သာ ရောင်းချရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမို ရောင်းချခြင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်ခြင်းခံရ မည် ဖြစ်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

(DOCA ဧရာဝတီ)