
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် လယ်ယာမြေစိုက်ပျိုးခြင်း၊ မွေးမြူရေး လုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းတို့ဖြင့် ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုဖြစ်သည်။ ညောင်တုန်း မြို့နယ် နေ့စဉ် စပါးဝယ်ယူနေပြီး ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ပထမပါတ်အတွင်း မြို့နယ်တွင်းနှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များမှ စပါးများကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။
စပါးဝယ်ယူမှုအနေဖြင့် ရွှေဝါနဒီကုမ္ပဏီမှ ကရင်မစပါးအခြောက် (၃၀၂၃)တင်း ငွေကျပ် ၁၄၇၀၀၀၀/-ဖြင့်၊ အဖျောက်မြို့နယ်မှ ဝယ်ယူခြင်း၊ အသွယ်စပါး အစို (၆၅၉၆)တင်း ငွေကျပ် ငွေကျပ် ၁၃၁၇၀၀၀/-ကျပ် ၁၂၆၆၅၀၀/-ကျပ်ဖြင့် ဘောလယ်ကျေးရွာနှင့် လေးမျက်နှာဘက်မှ စပါးအစိုဝယ်ယူခြင်း၊ ဆင်းသုခစပါး (၅၅၈၈)တင်း ငွေကျပ်၊ ၁၄၅၃၀၀၀/-ကျပ် ၁၄၇၀၀၀၀/-ကျပ် ဖြင့် ရွှေတောင်မှော်ကျေးရွာ၊ မအူပင်မြို့နယ်မှ စပါးအခြောက် ဝယ်ယူခဲ့ပြီး ဝယ်ယူသော ကုမ္ပဏီမှာ (၅၀)ပေါင် စပါးတင်း (၁၀၀)ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
GoodBrother ကုမ္ပဏီမှ ဆင်းသုခစပါး (၂၄၄)တင်း ငွေကျပ်၊ ၁၄၇၀၀၀၀/-ကျပ်၊ GW-11 စပါးအခြောက် (၉၅၂၄)တင်း ငွေကျပ်၊ ၁၃၇၀၀၀၀/-ကျပ်၊ ၁၃၉၀၀၀၀/-ကျပ်ဖြင့် ကျောင်းကုန်း မြို့နှင့် ညောင်တုန်းမြို့တွင်းမှလည်းကောင်း၊ ကရင်မစပါး (၄၃၈၄)တင်း ငွေကျပ်၊ ၁၄၈၀၀၀၀/-ကျပ်၊ဖြင့် မအူပင်မြို့နယ်မှဝယ်ယူခြင်း၊ ထွန်းပု စပါး တင်း (၅၀၀) ငွေကျပ် ၁၅၆၀၀၀၀/-ကျပ်ဖြင့် ညောင်တုန်းမြို့နယ်အတွင်းမှဝယ်ယူခဲ့ပြီး ပေါင်(၅၀) တင် ၁၀၀နှုန်းဖြင့်ဝယ်ယူခဲ့ကြောင်းသိရသည်။ ညောင်တုန်းမြို့နယ် ကုမ္ပဏီများမှ နေ့စဉ် စပါးဝယ်ယူမှု များကို မြို့နယ်ဦးစီးမှုးရုံးသို့ နေ့စဉ် စပါးဝယ် ယူမှုရှိ/ မရှိ အခြေအနေ စာရင်း အား ပြုစုပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
