တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေးကျဆင်း၍ သီဟိုစေ့စျေးတည်ငြိမ်

Powered by Drupal

        ကွမ်းသီးနှင့် သီဟိုစေ့များသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်း စျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိကြောင်းသိရှိရပြီး ယခု နိုဝင်ဘာလ ၂၉ ရက်တွင် ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး(အခွံမပါ) တစ်ပိဿာလျှင် (၆၅၀ဝိ/-)နှုန်း နှင့် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၅၀၀ဝိ/-) နှုန်းစျေးပေါက် နေကြောင်းသိရှိရပါသည်။ သီဟိုစေ့စျေးနှုန်းမှာ သီဟိုစေ့အကြမ်း တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ရှိပြီး ယခုအပတ်တွင် သီဟိုစေ့အချော တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်ဖြစ်ကြောင်း စုံစမ်းသိရှိ ရပါသည်။

       ကွမ်းသီးစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး သီဟိုစေ့စျေးနှုန်းမှာပြောင်းလဲမှုမရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)