
နွားထိုးကြီးမြို့နယ်တွင် မိုးကြက်သွန်နီကို ဘုံသာရွာ၊ ကျွန်းဒေါင့်ရွာ၊ လျော်ဖြူရွာ၊ မျက်ရှု့ရွာ နှင့် ရွာသာအေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊ မိုးစိုက်ကို ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်မည်ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၅/၂၀၂၆ခုနှစ်တွင် ကြက်သွန်နီ(မိုး)စိုက်ပျိုးထားရှိမှုမှာ (၁၃၉၇)ဧက စိုက်ပျိုး ထားရှိပြီး၊ ယခင်နှစ်စိုက်ဧကထက် ယခုနှစ်တွင် (၉၀၀) ဧကခန့်ပိုမိုစိုက်ပျိုးထားကြောင်း၊ အစိုဓာတ်ရှိသော မြေအမျိုးအစားတွင် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ပျိုးပင်သက် (၄၅-၅၀)ရက်သားတွင် စိုက်ခင်းသို့ ရွှေ့ပြောင်း စိုက်ပျိုးကြောင်း၊ ပင်ကြား၊ တန်းကြား(၃လက်မ) အကွာအဝေးဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၀)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ကြက်သွန်နီ(မိုး) တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၉၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် ကြက်သွန်နီမိုး တစ်ပိဿာလျှင်(၁၂၀၀-၁၅၀၀)ကျပ်ခန့် ပေါက်ဈေးများရှိခဲ့ကြောင်း၊ ကြက်သွန်နီ(မိုး)သည် ကြက်သွန်နီ (ဆောင်း) သီးနှံကုန်ဆုံးချိန်တွင် သုံးစွဲရန်အတွက် အစားထိုးစိုက်ပျိုးသော သီးနှံဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကြက်သွန်နီမိုးတစ်ပိဿာလျှင် (၁၅၀၀-၂၀၀၀)ကျပ် ခန့်ပေါက်ဈေးများရှိကြောင်း၊ တောင်သူအကျိုးအမြတ်အနေဖြင့် (အထွေထွေကုန်ကျစရိတ်များနုတ်ပြီး) (၉၀၀၀၀၀) ကျပ်ခန့်အ ကျိုး အမြတ် ရရှိကြောင်း ကြက်သွန်စိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
