မကွေးမြို့ ကန်သာဈေး၌ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညှင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပုရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်များမှာ မကွေးမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှ ထွက်ရှိကြောင်း သိရှိရပါသည်။
နိုဝင်ဘာလ စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်နေသောဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၂၅၀၀)၊ ဂေါ်ဖီထုပ် (၁) ထုပ်လျှင် ကျပ် (၁၂၀၀)၊ အာလူး (၁) ပိဿာလျှင် ကျပ် (၃၀၀၀)၊ မုန်လာဥနီ (၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ရွှေဖရုံသီး (၁) လုံးလျှင် ကျပ် (၁၀၀၀ မှ ၁၅၀၀) အတွင်း၊ ဘူးသီး (၁) လုံးလျှင် ကျပ် (၇၀၀မှ ၁၀၀၀) အတွင်း၊ မုန်ညှင်း (၁) ထုပ်လျှင် ကျပ် (၁၂၀၀)၊ ဆလပ်ရွက် (၂) ပင် (၁) စီးလျှင် ကျပ် (၂၀၀)၊ ရုံးပတီသီး (၁) ထောင့်လျှင် ကျပ် (၁၅ မှ ၂၀) အတွင်း၊ ကန်စွန်းရွက် (တရုတ်) (၁) စီးလျှင် ကျပ် ( ၁၀၀ မှ ၂၀၀) အတွင်း၊ ချဉ်ပေါင်ရွက် (၁) စီးလျှင် ကျပ် (၅၀မှ ၁၀၀) အတွင်း၊ ခရမ်းသီး (ရှည်) (၁) ပိဿာလျှင် ကျပ် (၁၇၀၀ မှ ၂၀၀၀) အတွင်း၊ သံပုရာသီး (၁) လုံးလျှင် ကျပ်(၁၀၀ မှ ၂၀၀) အတွင်း၊ ပဲသီး (၁) စီးလျှင် ကျပ် (၂၀၀မှ ၃၀၀) အတွင်းနှင့် ငရုတ်သီးစိမ်း (ကျောက်စိမ်း) (၁) ပိဿာလျှင် ကျပ် (၅၀၀၀) ဖြစ်ကြောင်း သိရပါသည်။
DOCA(မကွေး)