မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်ရှိ မြို့မစျေးသည် အနီးပါတ်ဝန်းကျင်ကျေးရွာများအပြင် ဆိပ်ဖြူနှင့် ယောနယ်ဒေသမှ စားသုံးသူများမှလည်း လာရောက်ရောင်းဝယ်ဖောက်ကားရာစျေးဖြစ်ပါသည်။
အဆိုပါ စျေးတွင် နိုဝင်ဘာလ (၂၄) ရက်မှ (၃၀) ရက်နေ့အတွင်း နေ့စဉ်အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများမှာ ခရမ်းချဉ်သီး (၁) ပိဿာလျှင် ကျပ် (၂၂၀၀မှ ၂၄၀၀)၊ ခရမ်းချဉ်သီး (ဗမာ) (၁) ပိဿာလျှင် ကျပ် (၃၅၀၀)၊ ဂေါ်ဖီထုပ် (၁) ထုပ်လျှင် ကျပ် (၁၇၀၀)၊ ပန်းဂေါ်ဖီပွင့် (၁) ပွင့်လျှင် ကျပ် (၁၀၀၀)၊ ဗူးသီး (၁) လုံးလျှင် ကျပ် (၃၀၀ မှ ၇၀၀)၊ ပဲထောင့်ရှည် (၁) ပိဿာလျှင် ကျပ် (၁၅၀၀)၊ အာလူး (၁) ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၅၀၀)၊ မုန်ညှင်းထုပ် (၁) ပိဿာလျှင် ကျပ် (၁၅၀၀)၊ ကန်စွန်းရွက် (၁) စီးလျှင် ကျပ် (၇၀)၊ ချဉ်ပေါင်ရွက် (၁) စီးလျှင် ကျပ် (၁၀၀)၊ နံနံပင် (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငရုပ်အခြောက်ရှည် (၁) ပိဿာလျှင် ကျပ် (၂၀၀၀၀ မှ ၂၂၀၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ် (၃၇၀၀ မှ ၄၀၀၀)၊ ကြက်သွန်ဖြူ (ရှမ်း) (၁) ပိဿာလျှင် (၅၂၀၀ မှ ၅၅၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁) ပိဿာလျှင် ကျပ် (၄၅၀၀)၊ နနွင်းတက် (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ ချင်းတက် (၁) ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ မန်ကျီးသီးမှည့် (၁ )ပိဿာလျှင် ကျပ် (၄၅၀၀ မှ ၅၀၀၀)၊ မြေပဲဆံ (၁) ပြည်လျှင် ကျပ် (၅၅၀၀ မှ ၅၈၀၀)၊ ဆား (၁) ပိဿာလျှင် ကျပ် (၅၀၀ မှ ၅၅၀)၊ ကုလားပဲခြမ်း (၁ ) ပြည်လျှင် ကျပ် (၅၅၀၀ မှ ၆၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ် (၂၆၀၀ မှ ၃၀၀၀)၊ ပဲဆီ (၁) ပိဿာလျှင် ကျပ် (၉၇၀၀ မှ ၁၁၀၀၀)၊ နှမ်းဆီ (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀ မှ ၁၁၅၀၀)၊ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် (၆၇၀၀)၊ ပေါ်ဆန်းမွှေး (၁) အိတ်လျှင် ကျပ် (၇၉၀၀၀ မှ ၉၇၀၀၀)၊ ဧည့်မထ (မိုး) (၁) အိတ်လျှင် ကျပ် (၄၅၀၀၀ မှ ၅၇၀၀၀)၊ ဝက်သား (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သား (၁) ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သား (၁) ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ ငါးမြစ်ချင်း (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ အခေါက်ရွှေ (၁) ကျပ်သားလျှင် ကျပ် (၂၆၈၀၀၀၀)၊ ၁၅ပဲရည် (၁)ကျပ်သားလျှင် ကျပ် (၂၅၁၀၀၀၀)၊ (၁၄) ပဲရည် (၁) ကျပ်သားလျှင် ကျပ် (၂၃၄၅၀၀၀) စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(မကွေး)