စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေးနှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ ဆန်ဈေးနှုန်းများ ဈေးအေးနေပြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်းစပါးဈေး အနည်းငယ်တက်နေပြီး၊ မုံရွာ နှင့် ကသာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်ကျဆင်းနေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၄၅၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ် ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊ ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ် ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၀၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။
မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၄၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ မနောသုခ (စပါး)ဟောင်း တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ (ဆန်)ဟောင်း၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၄၀၀၀၊ မနောသုခ (စပါး)သစ် တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်)သစ် ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။
ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ(စတုတ္တ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှအခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၅၀၀၊ မန္တလေး သို့ အိတ်ရေ ၄၉၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၈၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၉၈၀၀)အိတ်၊ တန်အားဖြင့် (၅၄၉၀) စီးထွက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ (နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၁၃၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၈၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၉၃၀၀)အိတ်၊ တန်အားဖြင့် (၅၄၆၅) စီးထွက် ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၅၀၀) တန်အားဖြင့် (၂၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)