မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။
မတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
ပဲစဉ်းငုံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
ပဲတီစိမ်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်ရှစ်ထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
ကုလားပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၀၀၀၊ 929 တစ်တင်းလျှင် ကျပ် ၃၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၇၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅၀မှ ၃၀၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။
စွန်တာနီ/ပြာ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်နှစ်ထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်း အဝယ်ဖြစ် ကြောင်းသိရသည်။
ထောပတ်ပဲ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင် ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်လေးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၈၀မှ ၁၀၀ ခန့် အရောင်း အဝယ်ဖြစ် ကြောင်းသိရသည်။
အစေ့ထုတ်ပြောင်း
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၁၃၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၂၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ရှစ်ထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၂၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။
မြေပဲဆံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ကျပ် ၅၈၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၃၀၅၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ကျပ် ၅၃၀၀၊ တစ်ပိဿာလျှင် ကျပ် သုံးထောင်ခန့် အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅၀မှ ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။
နှမ်းမျိုးစုံသီးနှံ
မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၆၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် ကျပ် ၇၇၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၉၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် ကျပ် ၇၈၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့်မှ သုံးသောင်းခန့်အထိ ပိုမိုခဲ့သည်။ တစ်ရက် လျှင် အိတ်ရေ ၁၅၀မှ ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)