ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးမိတ္ထီလာခရိုင်အတွင်းရှိ ဆီလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ခရိုင်ဦးစီးမှူးရုံးမှ ဆီလုပ်ငန်းရှင်တစ်ဦးသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ (၂၂) ရက်နေ့ညနေ (၁၅း၀၀) နာရီအချိန်တွင်   မိတ္ထီလာခရိုင်၊  ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမသို့ လာရောက်၍ ကုန်ပစ္စည်းထုတ်လုပ် ရာတွင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ပါသည်။  

      လုပ်ငန်းရှင်သည် ဝမ်းတွင်းမြို့နယ်ဒေသအတွင်း စားသုံးဆီများကို ထုတ်လုပ်နေသူတစ်ဦးဖြစ်ပါကြောင်း၊ ထုတ်လုပ်သည့်ကုန်ပစ္စည်းအပေါ်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ အခန်း (၁၅) ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုအကြောင်း၊ အခန်း (၁၇) ပါ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအချက်များအကြောင်း၊ အခန်း (၁၉) ပါ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရ မည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး ဌာနနှင့်စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်သည့်အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်ထုတ်လုပ်သည့် ကုန်ပစ္စည်းနမူနာပေါ်တွင် ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှုရှိစေရေး လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)