လွိုင်ကော်မြို့နယ်အတွင်း ငှက်ပျောသီးကိုစီးပွားဖြစ်စိုက်ပျိုးကြပါသည်။ လွိုင်ကော်ခရိုင်တွင် ငှက်ပျောစိုက်ဧက(၁၈၄၇)ဧကနှင့် ဘောလခဲခရိုင်တွင် (၄၄၀)ဧကစိုက်ပျိုးကြပြီး လွိုင်ကော်ခရိုင်အတွင်း မထောခူကျေးရွာ၊ လောပိတကျေးရွာ၊ ရှမ်းရွာ၊ ကျောက်တောင် ၊ လေးမိုင်စံပြကျေး ရွာတို့တွင် ရခိုင်ငှက်ပျောကိုအဓိကစိုက်ပျိုးကြပါသည်။ရခိုင်ငှက်ပျောကို အခိုင်ပြတ်ယူလျှင်တစ်ခိုင်လျှင် အနည်းဆုံး( ၈ )ဖီးမှ ( ၁၂ )ဖီးအထိ ပါရှိကြပါသည်။ငှက်ပျောသီးအခိုင်ပေါ်မူတည်၍ သတ်မှတ်ရောင်းချကြကြောင်း ဒေသထွက်ဈေးကွက်တွင် လက်လီတစ်ဖီးလျှင် ( ၄၀၀ ) ကျပ်နှုန်းမှ ( ၈၀၀ )ကျပ်နှုန်းအထိ အဖီးအကြီးအသေးပေါ်မူတည်၍ ရောင်းချလျှက်ရှိကြောင်း၊ လွိုင်ကော်မှ ထွက်ရှိသောငှက်ပျောသီးကို မိတ္တီလာ၊ ကျောက်ပန်းတောင်ဒေသများသို့ အဓိကတင်ပို့လျှက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)