ဈေးနှုန်းမြင့်တက်နေသော ပုစွန်ခြောက်ဈေးကွက်

Powered by Drupal

       ကယားပြည်နယ်တွင် ပုစွန်ခြောက်ကို ထားဝယ်၊ မြိတ် တို့မှအများအပြားတင်သွင်း ရောင်းချပါသည်။ ပုစွန်ခြောက်ကိုနွေရာသီတွင် ပုံမှန်ဈေးနှင့်ဝယ်ယူရပြီး မိုးရာသီတွင် အခြောက်လှန်းရန် ခက်ခဲသော‌ကြောင့် ဈေးပိုပေး၍ဝယ်ယူရသည်။ယခင်က ပုစွန်ခြောက်ဈေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၄၂၀၀၀ကျပ်၊ ရေချို(အလတ်စား)တစ်ပိဿာလျှင်၃၇၀၀၀ကျပ်၊ ရိုးရိုးပုံမှန် တစ်ပိဿာ လျှင်၃၃၀၀၀-၃၂၀၀၀ ရှိ၍ အရောင်းအဝယ်ဖြစ်ပါသည်။ ယခုအခါပုစွန်ခြောက်ဈေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ရေချို(အလတ်စား)တစ်ပိဿာလျှင်၄၅၀၀၀ကျပ်၊ ရိုးရိုးပုံမှန်တစ်ပိဿာလျှင် ၄၀၀၀၀-၃၈၀၀၀ကျပ် ရှိ၍ အရောင်းအဝယ်ဖြစ်နေပါသည်။ ဈေးနှုန်းမြင့် တက်လာရခြင်း  အကြောင်းအရင်းမှာ စက်သုံးဆီဈေးနှုန်းမြင့်တတ်လာ၍ သယ်ယူစရိတ်မြင့်မား လာခြင်းကြောင့်ဖြစ်သည်ဟု ပုစွန်ခြောက်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)