ဟုမ္မလင်းမြို့နယ် လက်ဖက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

         ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းသည်      ( ၆.၁၂.၂၀၂၂ ) ရက်နေ့တွင် ခေါင်ခမ်းကျေးရွာတွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဒေါ်ခိုင်နှင့်သွားရောက်တွေ့ ဆုံဆွေးနွေးခဲ့ပါသည်။ ဒေါ်ခိုင်အနေဖြင့် လက်ဖက်အညွှန့်များ ပိုမိုထွက်ရှိစေရန်အတွက် စိုက်ပျိုးရေးဉီးစီးဌာနမှ ကွင်းဆင်း ပညာပေးသည့် နည်းလမ်းများအတိုင်း ယခုလမှစတင်၍ လက်ဖက်အပင်ကိုင်းဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါကြောင်း၊ လုပ်သားငှါးရမ်းခအနေဖြင့် တစ်ရက်ငှါးရမ်းခ  လူတစ်ဉီးလျှင် (၆၅၀၀)ကျပ်ပေး၍ ငှါးရမ်းရပါကြောင်း၊ ကိုင်းဖြတ်ပြီး တစ်လခွဲမှနှစ်လခန့်အကြာတွင် လက်ဖက်အညွှန့်များ စတင်ဆွတ်ခူးရပါကြောင်း၊ ဈေးကွက်အတွင်း ရောင်းဈေးနှုန်းများမှာ လက်ဖက်အခါး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ အသင့်စားလက်ဖက်တစ်ပိဿာလျှင် ( ၅၀၀၀ )ကျပ်၊ လက်ဖက်ခြောက် တစ်ပိဿာလျှင် ( ၅၀၀၀ )ကျပ်မှ ( ၇၅၀၀ ) ကျပ်၊ ပေါက်ဈေးနှုန်းရှိပြီး လက်လီဈေးကွက်တွင် လက်ဖက်အစို၊ လက်ဖက်ခြောက်များကို ( ၅၀၀ ) ကျပ်တန်၊ ( ၁၀၀၀ ) ကျပ်တန် အထုတ်ငယ်များထုတ်ပိုး၍ မြို့နယ်တွင်းရောင်းချလျှက်ရှိပြီး မုံရွာမြို့သို့လည်း တင်ပို့ရောင်းချလျှက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)