
ဇီးကုန်းမြို့နယ်၊ ဥယျာဉ်ခြံမြေများ၌ မိသားစု အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စိုက်ပျိုးသည့် ဒေသထွက် ငရုတ်သီးတောင့်များ ဆွတ်ခူးချိန် လှိုင်လှိုင်ထွက်ပြီး ဈေးကောင်းလည်းရရှိသဖြင့် ကန္တလီကျေးရွာမှ ငရုတ်သီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရ သည်။
ကန္တလီကျေးရွာရှိ ခြံစိုက်တောင်သူများက ငရုတ်သီးပင်များကို အများအားဖြင့် မြေအစိုဓာတ်ဖြင့်သာကြီးထွားပြီး အပင်(၃)လသား၌ အပင်သန်ဆေးအား ပိုးသတ်ဆေးတို့ကို ဖျန်းပေးရသည်။ ငရုတ်ခင်းအတွင်းပေါင်းမြက်ရှိပါက ပေါင်းလိုက်ပေးရသည်။ ကန္တလီကျေးရွာရှိ စိုက်ပျိုးသည့် ငရုတ်သီးမျိုးမှာ မိုးမျှော်သီး ဒေသခေါ်ကုလားအော်သီးမျိုးများကိုသာ အဓိကထားစိုက်ပျိုးကြပြီး ငရုတ်သီးက စပ်သည့်အတွက် ဒေသခံပြည်သူများအလွန်ကြိုက်နှစ်သက်သောကြောင့် ဈေးကွက်ဝင်ကြောင်း နွေငရုတ်သီးကို နှစ်လလျှင် တစ်ကြိမ်ခူးဆွတ်ရောင်းချနိုင်ပြီးဖြစ်ကြောင်း ယခုလို ခူးဆွတ်ချိန်တွင် တစ်ပိသာလျှင် (၁၀၀၀၀)ကျပ်ခန့် ဖောက်သည်ပေးရပြီး တစ်ခါ ခူးဆွတ်လျှင် (၆) ပိဿာ ခန့်ရသဖြင့် တစ်ပတ်ကို ဝင်ငွေ (၆၀၀၀၀)ကျပ်ရရှိကြောင်း ငရုတ်သီးများ စနစ်တကျစိုက်ပျိုးသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
DOCA(ပဲခူး)
