
၂၀၂၆ ခုနှစ်၊ မတ်လ (၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ၊ ပို့ဆောင် ရေးစီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျိုင်းတုံမြို့၊ ရပ်ကွက် (၁)၊ ယန်းခမ်းရပ်ရှိ သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုပေးသည့် “ရှမ်းရွှေမြေနှင့် မြတ်မန္တလာထွန်း” မော်တော်ယာဉ်လိုင်းများအား ဝန်ဆောင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ စားသုံးသူနစ်နာမှုမရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် “ရှမ်းရွှေမြေနှင့် မြတ်မန္တလာထွန်း” သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့် မော်တော်ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ပို့ဆောင် မှုနှင့် ကုန်စည်တန်ဆာပေးပို့ရေး ဝန်ဆောင်မှုပေးရာတွင် စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံစွာပို့ဆောင်ရန်၊ ကုန်စည်တန်ဆာပစ္စည်းများအား သေချာစွာစစ်ဆေး၍ ထိခိုက်ပျက်စီးမှု မရှိစေရေး အာမခံချက်များထားရှိ၍ ဂရုတစိုက်ပေးပို့ရန်၊ စားသုံးသူများသိရှိစေရန် အာမခံချက်များအား ယာဉ်လက်မှတ်များတွင် ထည့်သွင်း၍ဖြစ်စေ ဗွီနိုင်းပိုစတာများကပ်၍ဖြစ်စေ ဆောင်ရွက် ထားရှိရန်၊ ယာဉ်မောင်းများအနေဖြင့် အရက်သေစာသောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် ဖြစ်ပေါ်လာသော ပြဿနာများအား ဝန်ဆောင်မှု ပြည့်ဝစွာပေး၍ ဖြစ်သင့် ဖြစ်ထိုက်သော ကုစားခွင့်ရရှိစေရန် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Doca(ရှမ်း)
