
၂၀၂၆ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှစစ်ဆေးရေးမှူးဦးမြင့်နောင်(ဦးစီးမှူး)ဦးဆောင်၍အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာ ရေးဌာနတို့နှင့် ပူးပေါင်းကာ တာချီလိတ်မြို့နယ်၊ မိုင်းကိုကျေးရွာအုပ်စု၊ ဆီလိငေါ့ကျေးရွာရှိ ဆစ်ကျိမ်ခမ်း သောက်ရေသန့်လုပ်ငန်းနှင့် ဆေခမ်းရပ်ကွက်ရှိ ကျောက်စိမ်းသောက်ရေသန့်တို့အား ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆစ်ကျိမ်ခမ်းနှင့်ကျောက်စိမ်းသောက်ရေသန့်တို့သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလဲသန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရ ပါသည်။ ထိုနောက် စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုအဆင့် တိုင်းစနစ်တကျရှိစေရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ” ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။
DOCA(ရှမ်း)
