စက်သုံးဆီ ဆိုင်များသို့ ကွင်းဆင်း စစ်‌ဆေးဆောင်ရွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် (၇.၃.၂၀၂၆) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ရှောင်လမ်းပေါ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ် သောကြောနေ့တိုင်း သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ပေးလျက်ရှိရာ သတ်မှတ်ဈေးနှုန်းများဖြင့်သာ ဖြန့်ဖြူးရောင်းချပေးကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန်၊ သိုလှောင်ကန်များ၏ လက်ကျန်အခြေအနေများနှင့် နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများကို သက်ဆိုင်ရာဌာနများသို့ စာရင်းများပေးပို့ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စက်သုံးဆီဆိုင်များတွင် ဆီလက်ကျန်ရှိသော်လည်း အရောင်းပိတ်ထားခြင်း ရှိ၊ မရှိနှင့် စံချိန်စံညွှန်းကိုက်ညီမှု ရှိ၊ မရှိကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ဖောက်ဖျက်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ဆိုင်များကို နံနက် ၈ နာရီမှ  ည ၇ နာရီခွဲအထိ ဖွင့်လှစ်ရောင်းချနေပြီး  ယနေ့ မတ်လ ၇ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုံ/မ စနစ်ကို ကျင့်သုံးနေပြီဖြစ်ရာ (မတ် ၇) သည် "မ" ရက် ဖြစ်သဖြင့် ယာဉ်နံပါတ်အစ "မ" ဂဏန်းရှိသော ကားများသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ မနက်ဖြန် (မတ် ၈) တွင် "စုံ" ကားများသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်သည်။ သို့သော် EV ယာဉ်များ၊ Taxi နှင့် လုပ်ငန်းသုံးယာဉ်များမှာမူ နေ့စဉ်ပုံမှန် မောင်းနှင်နိုင်ကြောင်းနှင့် အရန်ဆီ လုံလောက်စွာရှိသဖြင့် အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းမပြုရန် တိုက်တွန်းနိုးဆော်အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)