ရွှေဈေးနှုန်း အနည်းငယ်ပြန်လည်ကျဆင်းလျက်ရှိ

Powered by Drupal

       ကယားပြည်နယ်သည်   ကုန်စည်ရောင်းဝယ်သော စီးပွားရေးလုပ်ငန်းများအပြင် ရွှေထည်ရောင်းဝယ်ရေးလုပ်ငန်းများလည်း ပုံမှန်ရောင်းဝယ်လျက်ရှိရာ ရွှေထည်လက်ဝတ်ရတနာများကိုကိုယ်ပိုင်ပန်း တိမ်လုပ်ငန်းများဖြင့် ပြုလုပ်ရောင်းချခြင်း နှင့် မန္တလေး၊ တောင်ကြီးဘက်မှလည်း ရွှေထည်များမှာ ယူရောင်းချလျက်ရှိပါသည်။ ယခုလက်ရှိ ဒီဇင်ဘာလ ပထမပတ်အတွင်း ဈေးကွက်တွင် ဖြစ်ပေါ် နေသော ရွှေ ဈေးနှုန်းမှာ ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၆၅၆၀၀၀) ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၄၉၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နိုဝင်ဘာလ ပထမပတ်အတွင်း  ၁၆ ပဲရည်တစ်ကျပ်သားလျှင် (၂၆၈၀၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၅၁၂၅၀၀)ကျပ် ရှိခဲ့ပြီး ယခင် နိုဝင်ဘာလပထမပတ် နှင့် ယခု ဒီဇင်ဘာလ ပထမပတ်နှိုင်းယှဉ်လျှင် ၁၆ ပဲရည် တစ်ကျပ်သားလျှင် (၂၄၀၀၀)ကျပ်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၂၂၅၀၀)ကျပ်ခန့် ဈေးနှုန်းများ အနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါတယ်။

DOCA(ကယား)