အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ်(၃၀.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၄၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၆.၁၂.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)လျော့ကျခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)၊ နှမ်းနီနှင့်နှမ်းပြာ တစ်အိတ်လျှင် ယခင်အပတ် တွင် ကျပ်(၂၀၀၀၀၀)ဖြစ်ပြီး ယခု အပတ်တွင်လည်းကျပ်(၂၀၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ပမဏအနေဖြင့် (၄၅)ပိဿာဝင်အိတ်ဖြင့် နှမ်းနက်(စမုံ) (၁၇၅၀)အိတ်၊ နှမ်းပြာ (၃၂၀) အိတ်၊ နှမ်းဖြူ(၉၅)အိတ်၊ နှမ်းနီ(၁၆၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိ ရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် (၂၀)ပိဿာ (၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၄၉၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၇၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ခဲ့ကြောင်း၊ ဘိုကိတ်ပြာ (ဆောင်းသစ်) (၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ် (၄၁၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၃၉၀၀၀) ဖြစ်၍ ကျပ်(၂၀၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ပဲကြီး(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ် (၇၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)ဈေးလျော့ကျခဲ့ကြောင်း၊ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး) (၁)အိတ်လျှင်ယခင်အပတ်တွင် ကျပ်(၆၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ် (၅၉၅၀၀) ဖြစ်၍ ကျပ်(၅၀၀)ဈေးလျော့ကျခဲ့ကြောင်း စသည်ဖြင့်အသီးသီးဈေးနိမ့်ခဲ့ပါသည်။ မတ်ပဲ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၅၃၀၀၀)ဖြစ်ပြီး ယခုအပတ်တွင်ကျပ်(၅၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့် ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ)(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၅၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၆၀၀၀) ဖြစ်၍ ကျပ်(၄၀၀၀) ဈေးမြင့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင် အိတ်ဖြင့် ပဲတီစိမ်း (၃၂၀၀)အိတ်၊ ပဲစဉ်းငုံ(နီ) (၁၀၀)အိတ်၊ မတ်ပဲ(၂၂၅) အိတ်၊ ကုလားပဲ(HL) (၉၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၇၅၀)အိတ်၊ ဘိုကိတ်ပြာ(၃၈၀)အိတ်နှင့် ပဲကြီး(၆၃၀)အိတ်တို့ အရောင်းအဝယ်ရှိ ခဲ့ကြောင်း သိရှိရပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၁၅၀) ယခုအပတ်တွင် ကျပ် (၄၉၀၀)ဖြစ်၍ ကျပ်(၂၅၀) ဈေးလျော့ခဲ့ကြောင်း၊ မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၅၃၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၅၂၅၀) ဖြစ်၍ ကျပ်(၁၀၀)ဈေးလျော့ခဲ့ကြောင်း၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင်အပတ်တွင် ကျပ်(၂၁၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၀၀၀၀) ဖြစ်၍ ကျပ်(၁၅၀၀)ဈေးလျော့ခဲ့ကြောင်းနှင့် မြေပဲလုံးဆံ(နီ) (၃၀)ပိဿာဝင် အိတ်(၁၇၀၀)၊ မြေပဲလုံးဆံ(ဖြူ) အိတ် (၈၀၀)နှင့် မြေပဲတောင့်အစို တင်း(၄၂၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။
ဝါသီးနှံဈေးကွက်မှာလည်း (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၂၈၅၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၈၀၀) ဖြစ်၍ ကျပ်(၅၀)ဈေးလျော့ခဲ့ပြီး ဝါပိဿာချိန် (၂၈၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)