
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူများနေ့အကြောင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ သိသင့်သိထိုက်သော အချက်များကို ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ သိလိုသည်များကို မေးမြန်းရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ရှင်းလင်းရာ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ ပေါ်ပေါက်လာပုံ၊ အခမ်းအနား ကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံမှာ“ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့”အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေမှုအခြေအနေများ၊ ၂၀၂၆ခုနှစ် ဆောင်ပုဒ်ဖြစ်သော “ထုတ်ကုန် လုံခြုံစိတ်ချမှ ယုံကြည် စိတ်ချစားသုံးသူဘဝ” ဆောင်ပုဒ်ဖြင့် ပြသိမ်မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်မည့် အစီအစဉ်များ၊ အာဆီယံနိုင်ငံများနှင့် ပူးပါင်းဆောင်ရွက်မှုအခြေအနေနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းမှု အခြေအနေများအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
