
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝင်ထမ်းများသည် ဓနုဖြူမြို့နယ် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းအား မတ်လအတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးဆောင်ရွက်ကာ အဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ၂၀၂၆ခုနှစ်၊ မတ်လ(၁၃)ရက်နေ့တွင် သွားရောက်၍ စည်းကမ်းချက်များနှင့် အညီဆောင်ရွက်နေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသည် ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍဖြစ်သည့်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ခရီးသည်ပို့ဆောင်မှုအခြေအနေများ၊ ဆန်ဆာဖြင့် ပို့ကုန်ပစ္စည်းများမှန်ကန်စွာ အချိန်နှင့် တပြေးညီ ပို့ဆောင်နိုင်ရေးအသိပေးခြင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး ကားမောင်းနှင်သူနှင့် ကားတွင် စပယ်ယာလိုက်ပါဆောင်ရွက်သူများမှ စားသုံးသူစိတ်ကျေနပ်မှုရှိစွာ တပြေးညီဝန်ဆောင်မှုပေးနိုင်ရေး၊ များမကြာမီကာလတွင် သင်္ကြန်ကာလရောက်ရှိမည်ဖြစ်၍ ကားလက်မှတ်ဈေးနှုန်းများ အဆမတန်ကြီးမြင့်ရောင်းချမှု မရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
