ဘိုကလေးမြို့နယ်တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အထိမ်းအမှတ် Talk Show ပြုလုပ်ခြင်း

Powered by Drupal

            ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၆.၃.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်/ဆက် ဦးစီးဌာနရုံး၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Talk Show အစီအစဉ်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       အဆိုပါ အစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်ကျင်းပဆောင်ရွက်နေမှုအခြေအနေကို ရှင်းပြပေးရန်ပြောကြားသဖြင့် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းအေးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ WCRD (World Consumer Right Day) အခမ်းအနားကို မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှ နှစ်စဉ်နှစ်တိုင်း ဆောင်ပုဒ်များနှင့် အတူ နှစ်စဉ်နှစ်တိုင်းဦးဆောင်ကျင်းပလျက်ရှိကြောင်း သိရသည်။

          ၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သော WCRD ဆောင်ပုဒ်မှာ “ပဠိဇီဝဆေး အန္တာရာယ် အစားအစာမှဖယ်ရှားပေး”၊ ၂၀၁၇ ခုနှစ် ဆောင်ပုဒ်မှာ “စားသုံးသူအခွင့်အရေး ပြည်သူများသိရှိရေး” ၊ ၂၀၁၈ ခုနှစ် ဆောင်ပုဒ်မှာ “ စားသုံးသူအခွင့်အရေးရရှိရေး တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေး”၊ စသည်ဖြင့် ၂၀၁၆ မတ်လမှ ၂၀၂၅ မတ်လအထိ ဆောင်ပုဒ်အသီးသီးရှိခဲ့ကြပြီး ယခု၂၀၂၆ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” ဆောင်ပုဒ်ဖြင့် ခရိုင်/မြို့နယ်များတွင်စားသုံးသူရေးရာဦးစီးဌာနလှုံ့ဆော်မှုဖြင့် မိတ်ဖက်ဌာနများနှင့် အတူ Media Compain ပြုလုပ်ခဲ့ပြီး အသိပညာပေးပန်းဖလက် (လက်ကမ်းစာ စောင်များ) ဖြန့်ဝေခြင်းဖြင့် စည်ကားသိုက်မြိုက်စွာဆောင်ရွက်ခဲ့ကြောင်း Talk Show အစီအစဉ်ဆောင်ရွက်ခဲ့မှုအရ သတင်းရရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)