မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များအား အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစိစစ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၆.၃.၂၀၂၆)ရက်နေ့ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ ကူးတို့ဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရန်ညွှန်ကြားချက် ၂/၂၀၁၉ ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာ ဖော်ပြထားခြင်းရှိ/ မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)