
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများသည် ရွှေတောင်မြို့နယ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကြာနီကန်ရပ်ကွက်ရှိ တိုင်းရင်းဆေးအမျိုးမျိုး ရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်၍ တိုင်းရင်းဆေးများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
တိုင်းရင်းဆေးများရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော တိုင်းရင်းဆေးများသာရောင်းချရန် တိုင်းရင်းဆေးဌာနမှ ထောက်ခံချက် မှတ်ပုံတင်နံပါတ်ပါရှိမှသာရောင်းချရန် တိုင်းရင်းဆေးဌာနမှ သုံးစွဲရန်မသင့်သော တားမြစ်ဆေးဝါးများ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန်နှင့် ဝယ်ယူသုံးစွဲသူ စားသုံးသူမှ နစ်နာမှုဖြစ်ပေါ်လာပါက စားသုံးသူကာကွယ်ရေးဥပဒေဖြင့် တိုင်ကြားလို့ရကြောင်း စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း ရှင်းလင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
