စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ရွှေတောင်မြို့နယ်၊ အားကစားခန်းမ၌ အားကစားသင်တန်းသူ/ သင်တန်းသား(၅၈)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယဉ်ယဉ်ဆင့်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဌာန်းသတ်မှတ်ထားသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား (၈)ချက်အကြောင်း၊ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းဆွေး နွေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားရန်နည်းလမ်းများ Call Center “1535” သို့လည်း အလွယ်တကူတိုင်ကြားနိုင်ကြောင်း ဆွေးနွေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှ ဒေါ်နီလာမြင့်က တိုင်းရင်းဆေးများနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နွေးဒါလီနိုင်မှ လူကုန်ကူးမှုအကြောင်း မူးယစ်ဆေးဝါးအကြောင်း ဆွေးနွေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)