ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊ သီးနှံများဈေးကွက် ဈေးနှုန်းရရှိရေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

Powered by Drupal

       ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊သီးနှံများ ဈေးကွက်ဈေးနှုန်းရရှိရေး ညိှဆွေးနွေးခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဉီးခင်မောင်ဖြူ ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲပြောင်း၊ နှမ်းအသင်း CEC၊ စီးပွားရေး လုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့်တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ ကယားပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဉီးခင်မောင်ဖြူ က အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်ဈေးနှုန်း ရရှိမှသာ ဒေသခံတောင်သူများ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း ဒေသခံတောင်သူတွေ အကျိုးအမြတ်များရရှိရေး အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ဟာလည်း အစိုးရအဖွဲ့၏ တာဝန်ဖြစ်သည့် အတွက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များ ဆွေးနွေးပွဲမှတဆင့် ပြည်နယ်၏ သီးနှံများဈေးကွက်ဈေးနှုန်းရရှိဖို့ လုပ်ငန်းစဉ်တွေ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သီးနှံများဈေးကွက်ဈေးနှုန်းရရှိရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းက တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်းအသင်း CEC ​ဒေါက်တာ မြင့်ဉီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်တောင်သူများက ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန