
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကျုံတနော်ကျေးရွာရှိ ရွှေအောင်မင်းဆန်စက်သို့ ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးမှုကို ဓနုဖြူမြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် တာဝန်ရှိသူများက ပူးပေါင်း၍ ကျုံတနော်ရှိ ရွှေမင်းအောင်ဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ၎င်းတို့ဆန်စက်မှ စပါးကြိတ်ခွဲလည်ပတ်မှုအနေဖြင့် မနက်(၀၈း၀၀)နာရီမှ ညနေ ၄နာရီထိလည်ပတ်ပြီး ၁ရက်လျှင် စပါးတင်း(၁၄၀၀)ခန့် (၂၀)တန်ကျကြိတ်ခွဲပြီး ဆန်များကို တင်ပို့မှု ဒေသတွင်းကုန်သည်များသို့ရောင်းချကြောင်း၊ ဆန်စက်တွင် စပါးလက်ကျန်-၄၅၀၀တင်း ဆန်-၃၁၂ အိတ်ခန့်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဆန်စက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှုမဖြစ်မနေ လုပ်ဆောင်ပေးရန်ကို မှာကြားခဲ့ပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
