ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံဈေးကျနေ

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ကုန်စည်ဒိုင်တွင်ရောင်းဝယ်လျှက်ရှိသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ဘိုကိတ်ပဲ၊ စားတော်ပဲ၊ ပဲကြီးဈေးများမှာ နိုဝင်ဘာလတတိယပတ်မှာ ပဲဈေးတက်နေပြီး စတုတ္ထပတ် မှာတော့ ဈေးကျလျက်ရှိကြောင်း သိရှိရပါသည်။

  ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းဈေးမှာ ၅၈၅၀၀-၅၉၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့်အဝယ်ရှိပါသည်။ နိုဝင်ဘာလ စတုတ္ထပတ်မှာ မတ်ပဲဈေးကျပြီး ပဲတစ်တင်းကို ၅၈၀၀၀-၅၇၀၀၀-၅၆၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့် အဝယ်ရှိပါသည်။

        နိုဝင်ဘာတတိယပတ်တွင် ပဲတီစိမ်းသီးနှံထိပ်စ တစ်တင်းလျှင် ၄၇၅၀၀-၄၈၅၀၀ကျပ်ဖြင့် ရန်ကုန်နှင့် မန္တလေးအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၆၀၀-၇၀၀ ခန့်တင်ပို့ပါသည်။ နိုဝင်ဘာ စတုတ္ထ ပတ်တွင် ပဲတီစိမ်း(ရိုးရိုး)တစ်တင်းကို ၄၇၀၀၀ကျပ်၊ ထိပ်စတစ်တင်းကို ၄၈၀၀၀ကျပ်ဖြင့် မန္တလေး အဝယ်ရှိခဲ့ပါသည်။

       ပဲစင်းငုံလက်ကျန်နည်းနေပြီဖြစ်ပြီး ပဲစင်းငုံတစ်တင်းကို နိုဝင်ဘာတတိယပတ်တွင် ၅၉၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာလ စတုတ္ထပတ်တွင် ပဲစင်းငုံ တစ်တင်းကို ၅၉၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး အရောင်းအဝယ်လည်းအေးနေခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် နိုဝင်ဘာလတတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို ၆၃၀၀၀-၆၄၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ နိုဝင်ဘာလစတုတ္ထပတ်တွင် ကုလားပဲဈေးကျလာပြီး ကုလားပဲ (HL)တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် မြို့တွင်း ရန်ကုန်အဝယ်နှင့် နယ်စုံတင်ပို့မှုရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၃၅၀ခန့်အဝယ်ရှိပါသည်။

       နိုဝင်ဘာတတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၀၀၀၀-၁၁၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း) ဈေးအနည်းငယ်ကျပြီး ပဲတစ်တင်းကို ၁၁၂၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

     ဘိုကိတ်ပဲတစ်တင်းကို နိုဝင်ဘာလတတိယပတ်တွင် ၄၂၀၀၀-၄၃၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၅၀ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။ နိုဝင်ဘာ စတုတ္ထပတ်တွင် ဘိုကိတ်ပဲဈေး ၄၂၅၀၀-၄၃၀၀၀ ကျပ်ဖြင့် ဈေးတက်နေပြီး မြို့တွင်းနှင့်ရန်ကုန် အဝယ်တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ် ရှိခဲ့ပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ပြည်ပသို့တင်ပို့သော ပဲများသာအရောင်းအဝယ်ပုံမှန်သာရှိပြီး မြို့တွင်းအဝယ်ရှိသောပဲများမှာ အဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)