စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော

Powered by Drupal

           မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ခရေကန်ကျေးရွာတွင် ကျေးရွာနေပြည်သူ (၂၀)ဦးအား စားသုံးသူရေးရာဦးစီးဌာနမှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ၁၆.၃.၂၀၂၆ ရက်နေ့ နေ့လယ် (၁၅း၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        ဟောပြောရာတွင် ပန်းတနော်မြို့နယ် တာဝန်ခံ ဦးအောင်ကျော်သက်မှ ကျေးရွာနေပြည်သူများအား  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် စားသုံးသူကာကွယ်ပေးရေး အသိ ပညာပေး ဟောပြောခြင်းဖြစ်ကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ပါ အကြောင်းများကို သိရှိလေ့လာနိုင်စေရန် စားသုံးသူများ အနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူများ၏ အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာ နိုင်ရန်ရှင်းလင်းခြင်း၊  နစ်နာဆုံးရှုံးမှုများကို ရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကို သိရှိစေရန် တိုင်ကြားနိုင်သည့် နည်းလမ်းများထဲမှ    စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့်တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့်တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Complaint System 908&progo ဖြည့်စွက်တိုင်ကြားနိုင်ကြောင်း၊ www.doca.gov.mm မှတဆင့် တိုင်ကြားနိုင်ကြောင်း၊ DOCA FaceBook Page Messanger မှလည်းကောင်း၊  Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှတစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍လွယ်ကူတာကတော့  Consumer Call Center  ရယ့်      HOT Line No ဖြစ်တဲ့ 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည်ဖြစ်ဖြစ်၊ တိုင်ကြားချင်သည်ဖြစ်ဖြစ်၊ HOT Line No ကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ်တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြားခဲ့ပြီး ကျေးရွာနေပြည်သူ ၂၀ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)