ဈေးကွက်အတွင်း အာလူးဈေးအေး၍ ပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ တောင်ကြီး၊ အောင်ပန်းမှ ရှမ်းအာလူးများနှင့် မန္တလေးဘက်မှ တရုတ်အာလူးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုအခါ ရှမ်းအာလူး များ အထွက်နည်းလာ၍ ပြည်ဈေးကွက်သို့ အဝင်နည်းကြောင်း သိရှိရပါသည်။ မန္တလေးမှ တရုတ် အာလူးများ နေ့စဉ် ပိဿာချိန် ၃၀၀၀-၄၀၀၀ အဝင်ရှိပြီး အရောင်းအဝယ်ပုံမှန် အနည်းငယ်ဖြစ်လျက်ရှိပါသည်။ ဈေးနှုန်းအနေဖြင့် လက်ကား(ပွဲရုံ)ဈေး တစ်ပိဿာလျှင် အာလူးအလုံး အကြီး အသေးပေါ်လိုက်၍ ကျပ် ၁၈၀၀-၂၀၀၀-၂၂၀၀၊ လက်လီဈေး ကျပ် ၂၄၀၀-၂၈၀၀ဈေးဖြင့် ဈေးအေးနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)