
၂၃.၁.၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန မှတာဝန်ရှိသူများ သည် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဘားအံမြို့နယ်ရှိ မကျီးကျွန်းကျေးရွာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မကျီးကျွန်းကျေးရွာရှိ ပြည်သူ (၆၇) ဉီးတို့အား အသိပညာပေးဟောပြောခြင်းနှင့် ဥပဒေစာအုပ်၊ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ဆက်လက်၍ ငရုတ်စိုက်တောင်သူများကို ဈေးကွက်ဈေးနှုန်း ရရှိစေရေးအတွက် အသင်းအဖွဲ့နှင့် အစုအဖွဲ့ဖွဲ့စည်းနိုင်ရေး စည်းရုံး ဆောင်ရွက်ခဲ့ပါသည်။
ကရင်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန