ဆောင်းမြေပဲသစ်များပြည်ဈေးကွက်သို့ စတင်ခြေချဝင်ရောက်

Powered by Drupal

       နိုဝင်ဘာလကုန်ပိုင်းတွင် ဆောင်းမြေပဲဆန်အသစ်များ ဈေးကွက်သို့ စတင်ခြေချဝင်ရောက်လာပြီဖြစ်သဖြင့် ပြည်ဈေးကွက်သို့ ပြည်-အောင်လံကြားရှိ ကျေးရွာများ ၊ရွှေတောင်၊ မြန်အောင်နှင့်ကြံခင်းဘက်မှ ပေါ်ခါစဖြစ်၍ ဝင်ရောက်မှုနည်းနေသေးကာ နေ့စဉ်တစ်နေ့လျှင် အိတ် ၆၀၀/၇၀၀ ခန့် ဝင်ရောက်မှုရှိကြောင်း တွေ့ရှိရပါသည်။ ယခုအပတ် ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဖြင့် မြို့တွင်း ဆီစက်သမားများကဝယ်ယူမှုရှိပြီး ယခင်အပတ် ဈေးထက်စာပါက တစ်ပိဿာလျှင် ၂၀၀ကျပ်ခန့် ဈေးကျလာကြောင်း တွေ့ရှိရပါသည်။ မြေပဲလုံးဆန်(အနီ)တစ်ပိဿာလျှင် ၅၄၀၀ကျပ်ဖြင့် မန္တလေးဝယ်လက်များက အဝယ်ရှိနေသော်လည်း ယခင်အပတ်ကအတိုင်း ဈေးငြိမ်နေကြောင်း တွေ့ရှိရပါသည်။ မြေပဲလုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် မြဝတီသို့ တင်ပို့ရန် အဝယ်ရှိပြီး တစ်နေ့လျှင် အိတ် ၅၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)