ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ရတနာဒီပ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ( ၇-၁၂-၂၀၂၂ )ရက်နေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း ( ရတနာဒီပ )၌ နေ့လယ် ( ၁၃:၀၀ )အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ရုံးအုပ် ဦးဝင်းသွင်က စားသုံးသူကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်က စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သောဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း( ၁၀၀ )ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ်( ၁၄း၀၀ )နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(နေပြည်‌တော်)