မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေကျော်ရပ်ကွက်ရှိ လက်လီ/ လက္ကား ရောင်းချနေသော ဦးအောင်ထိုက်ဆန်ဆိုင်  အားပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၆.၄.၂၀၂၆) ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးရပ်ကွက်ရှိ လက်လီ/ လက္ကား ရောင်းချနေသော ဦးအောင်ထိုက်ဆန်ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ/ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှုအနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (MyRO) တွင်မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့်သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)