“ကျောက်ဆည်မြို့နယ်၏ နှမ်းစျေးနှုန်း”

Powered by Drupal

      နှမ်းကို ရှေးယခင်ကတည်းက မြန်မာနိုင်ငံအပူပိုင်းဒေသတွင် ဆီထွက်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပါသည်။ ကျောက်ဆည်မြို့နယ်တွင် နှမ်းကို မတ်လနှင့်ဧပြီလများတွင် စတင်စိုက်ပျိုးပြီး မျိူးအနေဖြင့် နှမ်းဖြူ၊ နှမ်းနက်( ရိုးရိုး )၊ နှမ်းနက်( စမုံ )နှင့် နှမ်းညိုမျိုးများကို အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး ဇူလိုင်နှင့်သြဂုတ်လများတွင် စတင်ရိတ်သိမ်း၍ နှမ်းစတင်ထွက်ပေါ် ချိန်တွင် နှမ်းဖြူတစ်တင်းလျှင် ( ၆၅၀၀၀/- )ကျပ် ၊ နှမ်းညိုတစ်တင်းလျှင်( ၅၃၀၀၀/- )ကျပ်၊ နှမ်းနက် ( ရိုးရိုး )တစ်တင်းလျှင် ( ၅၈၀၀၀/- )ကျပ် ၊ နှမ်းနက်( စမုံ )တစ်တင်းလျှင်( ၆၈၀၀၀/- )ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ယခင်နှစ်တွင် နှမ်းစျေးနှုန်းများအနေဖြင့် နှမ်းဖြူတစ်တင်းလျှင် ( ၅၅၀၀၀/- )ကျပ်၊ နှမ်းညိုတစ်တင်းလျှင်( ၄၀၀၀၀/- ) ၊ နှမ်းနက်စမုံတစ်တင်းလျှင် ( ၅၇၀၀၀/- )ကျပ် ၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင် ( ၄၃၀၀၀/- )ကျပ်စျေးနှုန်းများရှိပြီး ယခုအချိန်တွင် နှမ်းပေါ်သည့်ရာသီမဟုတ်သော်လည်း အချို့တောင်သူများ၏ လက်ဝယ်တွင်ရှိသောနှမ်းများကို စျေးကွက်အတွင်းသို့ ရောင်းချလျက်ရှိရာ နှမ်းဖြူတစ်တင်းလျှင် ( ၈၃၀၀၀/- )ကျပ်၊ နှမ်းညိုတစ်တင်းလျှင် ( ၆၅၀၀၀/- ) ၊ နှမ်းနက်စမုံတစ်တင်းလျှင် ( ၆၃၀၀၀/- )ကျပ်၊ နှမ်းနက်ရိုးရိုးတစ်တင်းလျှင် ( ၇၀၀၀၀/-  )ကျပ်စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။တောင်သူအများစုမှ ကျောက်ဆည်မြို့ ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်လာရောက်ရောင်းချလျက်ရှိပြီး ဝယ်ယူရရှိသည့်နှမ်းများအား မန္တလေးမြို့သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း ပွဲရုံများသို့ ကွင်းဆင်းမေးမြန်းချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)