“ကျောက်ဆည်ခရိုင်ဒေသထွက်ရာသီပေါ်ပဲမြစ်”

Powered by Drupal

       ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိတောင်သူများသည် ပဲမြစ်ကို နှစ်စဉ် အဆက်မပြတ် အဆက်ဆက်စိုက်ပျိုးလာကြကြောင်း တွေ့ရှိရပါသည်။ ၄င်းဒေသမှ စိုက်ပျိုးထွက်ရှိသောပဲမြစ်များသည် အခြားဒေသများမှ ထွက်ရှိသောပဲမြစ်များထက် အရွယ်အစားသေးငယ်သော်လည်း အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီပဲမြစ်ပေါ်ချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက်ပဲမြစ်များမှာ လူသိထင်ရှားကာ စားသုံးသူများအဝယ်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ထွက်ရှိလာသောပဲမြစ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများသို့ ရောင်းချလျက်ရှိပါသည်။ ပဲမြစ်ကိုစိုက်ပျိုးရာ၌ စနယ်မြေပေါ်တွင် အဓိကစိုက်ပျိုးလျက်ရှိပြီး တောင်သူအများစုမှာ နှစ်စဉ် ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုး၍ နိုဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချလျက်ရှိပါသည်။ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့် ( ၁ )ဧက တစ်တင်းနှုန်းခန့်ကုန်ကျကြောင်း၊ ပဲမြစ်မျိုးအနေဖြင့် ဝက်ဝံမျိုး၊ မလှိုင်မျိုးများကိုသာ အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင်( ၈၀၀၀၀-၁၀၀၀၀၀ )ကျပ်ရှိကြောင်း၊တစ်ဧကကုန်ကျစရိတ်အနေဖြင့် ( ၈၀၀၀၀၀ )ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှပိဿာ ( ၈၀၀-၁၀၀၀ )ခန့်ထွက်ရှိပါသည်။ ပဲမြစ်စတင်ပေါ်စအချိန်တွင် ပဲမြစ်တစ်ပိဿာစျေးနှုန်းမှာ ( ၃၀၀၀-၂၅၀၀ )ကျပ်ရှိသော်လည်း ယခုအချိန် ပဲမြစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် ပဲမြစ်တစ်ပိဿာစျေးနှုန်းမှာ ( ၁၆၀၀-၁၅၀၀ )ကျပ်ရှိကြောင်း၊ ( ၁ )ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း ပဲမြစ်စိုက်တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)