
(3.၄.2026)ရက်နေ့၊ နံနက်(10:30)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ မြောက်ပိုင်းခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်(၈)ဆိုင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များမှာ စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်ပေးနေသည့် ရည်ညွှန်းဈေးနှုန်းများအပေါ်အခြေခံကာ သတ်မှတ်အမြတ်နှုန်းအတွင်း၌သာ ရောင်းချကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် သိုလှောင်သိမ်းဆည်းထားခြင်းများမရှိပါကြောင်း စစ်ဆေးတွေ့ရှိပြီး ဒုတိယတိုင်းဒေသ ကြီးဦးစီးမှူးမှ မိမိတို့ဆိုင်များတွင်ရောင်းချနေသော ဈေးနှုန်းများကို စားသုံးသူပြည်သူများ အလွယ်တကူ မြင်တွေ့နိုင်သည့်နေရာ၌ ဆိုင်းဘုတ်ချိတ်ဆွဲဖော်ပြရန်၊ ဆီထုတ်စာအုပ် မှတ်တမ်းများတွင်လည်း ရောင်းချသည့်ရက်စွဲနှင့် ဈေးနှုန်းများကို စနစ်တကျမှတ်တမ်းတင်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ပြီး ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းနှင့် ဈေးကစားခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခံရမည် ဖြစ်ကြောင်းကိုလည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
